အာလို့မ၀သေးတဲ့ ကျီးကန်းတွေ
ဘဝ
တဏှာပြည့်နှက်
ရူးမိုက်မူက ကြီးစိုးလာသောအခါ
ကမ္ဘာဖလား ဗိုလ်လုပွဲတက်အသင်းလို
စိတ်က ဘ၀င်မြင့်
စိတ်ကိုစိတ်နဲ့ မနည်း
ချုပ်တီးလိုက်ရတယ်။
ရန်သူမရှိ
မိတ်ဆွေမရှိ
မှုလောက်စရာ မရှိပေမယ့်
ကြီးမြတ်မှုတော့ ထည့်တွက်ထားမယ်
သမ်းဝေနေရုံနဲ့ အပျင်းမပြေဘူး
ရွှေလို ၀င်းတောက်မှုက ကျောက်သားနဲ့ ထုတယ်။ ။
လင်းသစ်ဏီ
No comments:
Post a Comment