အမြဲတမ်းဗိုလ်ချုပ်

ဝေးဝေးလွင့်နေတဲ့ အတိတ်ကို
တမ်းတလိုက်ရင်
ငါတို့ မေ့လျော့နေခဲ့တယ်
ကျောင်းတုန်းက တို့မမေ့သင်ခန်းစာတွေ
အားလုံး
ငါတို့မေ့လျော့နေခဲ့တယ်
သမိုင်းတန်ဖိုးတွေ မေ့လျော့နေခဲ့တယ်
ကြီးကြီးကျယ်ကျယ်
(နိုင်ငံတန်ဖိုးတွေ) မေ့လျော့နေခဲ့တယ်
ခေတ်တစ်ခုရဲ့ ရွေ့လျား ရိုက်ခတ်နှုန်း
တိုင်းပြည်နုနု မုန်တိုင်း ဘယ်လောက်ထန်ထန်
ငါတို့ရင်ခွင်ပျောက်လောက်အောင် လှိုင်းမထန်သင့်ဘူး
ပြည်ထောင်စုနေနဲ့ လွတ်လပ်ရေးနေ့ဟာ
သူ့လက်နဲ့ ပေါက်ဖွားခဲ့တယ် ငါတို့မမေ့သင့်ဘူး။
သူ့အကြောင်း ကဗျာတစ်ပုဒ်၊ စာတစ်အုပ်နဲ့
မပြီးမြောက်ဘူး။
ဖေဖော်ဝါရီ(၁၄)ချစ်သူများနေ့
ချောကလက်၊ပန်းဝေသလို
ငါတို့ သူ့အထိမ်းအမှတ်
ကဗျာတွေရွတ်သင့်တယ်
သူ့အထိမ်းအမှတ်
သူ့လုပ်ဆောင်ခဲ့သမျှ ပြန်တမ်းတသင့်တယ်။
အနည်းဆုံးတော့
သူ့ အရိပ်တွေမှာ ငါတို့ မျက်ရည်ဝဲနေသင့်တာပေါ့
တိုင်းပြည်နုနု မုန်တိုင်းဘယ်လောက်ထန်ထန်
ရင်ခွင်ပျောက်လောက်အောင် လှိုင်းမထန်သင့်ဘူးကွာ
ခေတ်ကြီးရယ် ရက်စက်လောက်အောင်
ရေစီးနှုန်းတွေ မြန်ခဲ့တယ်။ ။

လင်းသစ်ဏီ

1 comment:

ဂျေဂျူဝိုင် said...

ငါတို့ သူ့အထိမ်းအမှတ်
ကဗျာတွေရွတ်သင့်တယ်

သိပ်မှန်တာပေါ့ဗျာ