
ဒီရှန်ပူနဲ့ဆို
သေခြင်းတရားတောင် လန်းဆန်းသွားမလား
ဒီနေကာမျက်မှန်နဲ့ဆို
အနာဂတ်ကို ဖောက်မြင်ရမလား
ဒီဖိနပ်နဲ့ဆို
ဝင်္ကပါအပြင်ဘက်ကို ထွက်နိုင်မှာလား
ကဗျာဖြစ်တဲ့ ကြော်ငြာတွေဟာ
စိတ်ဝင်စားစရာ ကောင်းပါတယ်
အင်္ကျီကို တီထွင်ပြီးထဲက
ငါတို့ဟာ (ဟန်ကိုယ့်ဖို) သက်သာရာ ရခဲ့ကြ
မျှော်လင့်ခဲ့ကြတဲ့ လှပတဲ့ကမ္ဘာ
ရေမွှေးများများ ဆွတ်ပါ
ဝတ်စုံထည်လဲ လဲပါ
ထိပ်ပေါက် ခေါင်းကွဲ
အပြင်ထွက်လာတဲ့ ဒဏ်ရာတွေဆိုရင်တော့
ရောင်စုံပတ်တီလှလှ
စည်းပြလိုက်ကြတာပေါ့။ ။
သုခမိန်လှိုင်
အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ
No comments:
Post a Comment